အခြေခံ ဥပဒေ တရားမ၀င်ကြောင်း ရှမ်းပြည်တပ်မတော်တောင်ပိုင်းမှ ပြောကြား

နအဖ သည် စစ်အာဏာ တည်မြဲရေးအတွက်သာ အစဉ်တစိုက် လုပ်ဆောင်နေပြီး၊ မေလ ဖွဲ့စည်းပုံ ဥပဒေသည် တရားမဝင်ကြောင်း ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆိုင်မိန်းမှထုတ်ပြန်ပြောကြားပါသည်။ပြောကြားချက်အပြည့်အစုံမှာ-
"နအဖ က သူ့ရဲ့ စစ်အာဏာ သက်ဆိုးရှည်ဖို့ ကြိုးစားနေတာ။ တိုင်းရင်းသား အဖွဲ့တွေက သူတို့ရဲ့ နိုင်ငံရေး ဦးတည်ချက်အရ လက်ခံနိုင်မှာ မဟုတ်ဘူးလို့ မြင်တယ်။ ထို့အပြင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ တောင်းဆိုချက်သည် မြန်မာ့နိုင်ငံရေး ပြဿနာတချို့ ပြေလည်စေရေးအတွက် အရေးကြီးသည့် တောင်းဆိုချက်ဖြစ်ကြောင်း ပြည်တွင်းပြည်ပမှာရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေရော၊ လက်နက်ကိုင် အဖွဲ့အစည်းတွေရော အပေါ်မှာ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက် ထုတ်ပေးရမယ်။ နောက်တဆင့်မှာ ညွန့်ပေါင်းအစိုးရ ဖွဲ့ပြီးတော့ အခြေခံ ဥပဒေအသစ် ပြန်လည် ရေးဆွဲရမယ်။ ဒါဆိုရင် အဖွဲ့အစည်း အားလုံးကလည်း လက်ခံနိုင်တဲ့ သဘောမျိုးဖြစ်ပြီးတော့ နိုင်ငံရေး ပြဿနာတချို့ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်းနှင့်နအဖ ရေးထားတဲ့ အခြေခံဥပဒေက ပြည်သူတွေရဲ့ သဘောထားဖြစ်တဲ့ ၁၉၉၀ ခု ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီတွေရဲ့ သဘောထားမပါဘူး။ အပစ်ရပ်စဲရေးတွေ စုပေါင်းပြီး အခြေခံဥပဒေမှာ ထည့်သွင်းဖို့၊ လိုချင်တဲ့အချက်တွေ တင်ပြတယ်ဆိုပေမယ့် ရတာမရှိဘူး။ ဒီအခြေခံ ဥပဒေကို မူတည်ပြီး ရွေးကောက်ပွဲလုပ်မှာ ဖြစ်လို့ တိုင်းရင်းသားတွေက လက်ခံနိုင်မှာ မဟုတ်ဘူး" တို့ဖြစ်ပါသည်။

Shan Human Right © 2008 Template by Dicas Blogger Supplied by Best Blogger Templates

TOPO