၆၂ နှစ်မြောက်ရှမ်းအမျိုးသားနေ့အခမ်းအနားကိုမန္တလေးတက္ကသိုလ်တွင်အောင်မြင်စွာကျင်းပ
၆၂ နှစ်မြောက်ရှမ်းအမျိုးသားနေ့အခမ်းအနားကိုဖေဖေါ်ဝါရီလ(၈)ရက်နေ့ကမန္တလေးတက္ကသိုလ်တွင်ကျင်းပခဲ့ပြီး အခမ်းအနားကို မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာမြအေးနှင့်ရှမ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှုကော်မတီတက္ကသိုလ်များ(မန္တလေး) ဥက္ကဌ ဦးစိုင်းကျော်ကျော်နိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရှမ်းတိုင်းရင်သူ ကျောင်းသူ/ကျောင်းသားများ ရှမ်းယဉ်ကျေး မှုအက အလှများဖြင့်ဖြေဖျော်ကြပါသည်။
အခမ်းအနားကို မန္တလေးတက္ကသိုလ်နှင့်ရတနာပုံတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့်ဆရာ/ဆရာမများ၊တိုင်းရင်သူ/တိုင်းရင်းသားများ၊ ၊ရှမ်းပြည်လူ့အခွင့်အရေးအဖွဲ့မှတာဝန်ရှိသူများနှင့်ဖိတ်ကြားထားသည့်ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။



