၆၂ နှစ်မြောက်ရှမ်းအမျိုးသားနေ့အခမ်းအနားကိုမန္တလေးတက္ကသိုလ်တွင်အောင်မြင်စွာကျင်းပ
၆၂ နှစ်မြောက်ရှမ်းအမျိုးသား နေ့အခမ်းအနားကိုဖေဖေါ်ဝါရီလ (၈)ရက်နေ့ကမန္တလေးတက္ကသိုလ်တွင်ကျင်းပခဲ့ပြီး အခမ်းအနားကို မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြအေး နှင့်ရှမ်းတိုင်းရင်းသားများ စာပေ နှင့် ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ (မန္တလေး) ဥက္ကဌ ဦးစိုင်းကျော်ကျော်နိုင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်
ပေး ခဲ့ပြီး ရှမ်းတိုင်းရင်သူ ကျောင်းသူ/ ကျောင်းသား များက ရှမ်းယဉ်ကျေး မှု အက အလှများဖြင့် ဖြေဖျော်ကြပါသည်။အခမ်းအနား ကို မန္တလေးတက္ကသိုလ် နှင့် ရတနာပုံတက္ကသိုလ် မှ ပါမောက္ခချုပ် နှင့်ဆရာ/ဆရာမများ၊ တိုင်းရင်သူ/ တိုင်းရင်း သားများ၊ ၊ရှမ်းပြည်လူ့အခွင့်အရေးအဖွဲ့မှတာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။